ဆရာလုပ်မည့်သူတို့ ကျင့်ဖွယ်

ဆရာလုပ်မည့်သူတို့ ကျင့်ဖွယ်

*****
ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏။ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏။ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။

အတ္တာနမေဝ ပဌမံ,
ပတိရူပေ နိဝေသယေ၊
အထညမနုသာသေယျ,
န ကကိလိဿေယျ ပဏ္ဍိတော။
(ဓံ၊၃၇၊ပိုဒ်၊၁၅၈)

ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိတော်မူပါပေ၏၊
ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိပါပေ၏။ ဤသို့ ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိ၏။

ယထာဝါဒီ ခေါ ပန သော ဘဂဝါ တထာကာရီ, ယထာကာရီ တထာဝါဒီ, ဣတိ ယထာဝါဒီ တထာကာရီ, ယထာကာရီ တထာဝါဒီ။ 
(ဒီ၊ ၂၊ ၁၈၀၊၁၈၅။)

စုန္ဒ မြတ်စွာဘုရားသည် ဆိုလေ့ရှိသည့်အတိုင်း ပြုလေ့ရှိ၏၊ ပြုလေ့ရှိသည့်အတိုင်း ဆိုလေ့ရှိ၏၊ ဤသို့ဆိုလေ့ရှိသည့်အတိုင်း ပြုလေ့ရှိ၍ ပြုလေ့ရှိသည့်အတိုင်း ဆိုလေ့ရှိသောကြောင့် (ငါ့ကို) ''တထာ ကတ''ဟူ၍ ဆိုအပ်၏။

ယထာဝါဒီ, စုန္ဒ, တထာဂတော တထာကာရီ, ယထာကာရီ တထာဝါဒီ။ ဣတိ ယထာဝါဒီ တထာကာရီ, ယထာကာရီ တထာဝါဒီ, တသ္မာ ‘တထာဂတော’တိ ဝုစ္စတိ။
(ဒီ၊၃၊ ၁၁၁။စူဠနိ၊၁၆၉။)

ရဟန်းတို့ မြတ်စွာဘုရားသည် အကြင် သို့သော အခြင်းအရာအားဖြင့် ပြောဆိုလေ့ရှိ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြုလေ့ရှိ၏။ အကြင် သို့သော အခြင်းအရာအားဖြင့် ပြုလေ့ရှိ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြောဆိုလေ့ရှိ၏။ ဤသို့လျှင် ပြောဆိုလေ့ရှိသည့်အတိုင်း ပြုလေ့ရှိ၏၊ ပြုလေ့ရှိသည့် အတိုင်း ပြောဆိုလေ့ရှိ၏၊ ထို့ကြောင့် ''တထာဂတ''ဟု ဆိုအပ်၏။

ယထာဝါဒီ, ဘိက္ခဝေ, တထာဂတော တထာကာရီ, ယထာကာရီ တထာဝါဒီ။ ဣတိ ယထာဝါဒီ တထာကာရီ, ယထာကာရီ တထာဝါဒီ။ တသ္မာ ‘တထာဂတော’တိ ဝုစ္စတိ။ (အံ၊ ၁၊၃၃၂၊ ဣတိဝုတ်၊၂၇၆)
####

ဆရာလုပ္မည့္သူတို႔ က်င့္ဖြယ္

*****
ေရွးဦးစြာသာလွ်င္ မိမိကိုယ္ကို သင့္ေလ်ာ္ေသာအက်င့္၌ တည္ေစရာ၏။ ထို႔ေနာက္မွ သူတစ္ပါးကို ဆုံးမရာ၏။ ပညာရွိသည္ သူတစ္ပါးကဲ့ရဲ႕ျခင္းျဖင့္ မညစ္ႏြမ္းေစရာ။

အတၱာနေမဝ ပဌမံ,
ပတိ႐ူေပ နိေဝသေယ၊
အထညမႏုသာေသယ်,
န ကကိလိႆေယ် ပ႑ိေတာ။
(ဓံ၊၃၇၊ပိုဒ္၊၁၅၈)

ထိုျမတ္စြာဘုရားသည္ ေဟာေျပာသည့္အတိုင္း ျပဳက်င့္ေလ့ရွိေတာ္မူပါေပ၏၊
ျပဳက်င့္သည့္အတိုင္း ေဟာေျပာေလ့ရွိပါေပ၏။ ဤသို႔ ေဟာေျပာသည့္အတိုင္း ျပဳက်င့္ေလ့ရွိ၍ ျပဳက်င့္သည့္အတိုင္း ေဟာေျပာေလ့ရွိ၏။

ယထာဝါဒီ ေခါ ပန ေသာ ဘဂဝါ တထာကာရီ, ယထာကာရီ တထာဝါဒီ, ဣတိ ယထာဝါဒီ တထာကာရီ, ယထာကာရီ တထာဝါဒီ။ 
(ဒီ၊ ၂၊ ၁၈၀၊၁၈၅။)

စုႏၵ ျမတ္စြာဘုရားသည္ ဆိုေလ့ရွိသည့္အတိုင္း ျပဳေလ့ရွိ၏၊ ျပဳေလ့ရွိသည့္အတိုင္း ဆိုေလ့ရွိ၏၊ ဤသို႔ဆိုေလ့ရွိသည့္အတိုင္း ျပဳေလ့ရွိ၍ ျပဳေလ့ရွိသည့္အတိုင္း ဆိုေလ့ရွိေသာေၾကာင့္ (ငါ့ကို) ''တထာ ကတ''ဟူ၍ ဆိုအပ္၏။

ယထာဝါဒီ, စုႏၵ, တထာဂေတာ တထာကာရီ, ယထာကာရီ တထာဝါဒီ။ ဣတိ ယထာဝါဒီ တထာကာရီ, ယထာကာရီ တထာဝါဒီ, တသၼာ ‘တထာဂေတာ’တိ ဝုစၥတိ။
(ဒီ၊၃၊ ၁၁၁။စူဠနိ၊၁၆၉။)

ရဟန္းတို႔ ျမတ္စြာဘုရားသည္ အၾကင္ သို႔ေသာ အျခင္းအရာအားျဖင့္ ေျပာဆိုေလ့ရွိ၏၊ ထိုသို႔ေသာ အျခင္းအရာအားျဖင့္ ျပဳေလ့ရွိ၏။ အၾကင္ သို႔ေသာ အျခင္းအရာအားျဖင့္ ျပဳေလ့ရွိ၏၊ ထိုသို႔ေသာ အျခင္းအရာအားျဖင့္ ေျပာဆိုေလ့ရွိ၏။ ဤသို႔လွ်င္ ေျပာဆိုေလ့ရွိသည့္အတိုင္း ျပဳေလ့ရွိ၏၊ ျပဳေလ့ရွိသည့္ အတိုင္း ေျပာဆိုေလ့ရွိ၏၊ ထို႔ေၾကာင့္ ''တထာဂတ''ဟု ဆိုအပ္၏။

ယထာဝါဒီ, ဘိကၡေဝ, တထာဂေတာ တထာကာရီ, ယထာကာရီ တထာဝါဒီ။ ဣတိ ယထာဝါဒီ တထာကာရီ, ယထာကာရီ တထာဝါဒီ။ တသၼာ ‘တထာဂေတာ’တိ ဝုစၥတိ။ (အံ၊ ၁၊၃၃၂၊ ဣတိဝုတ္၊၂၇၆)

#####

Comments

Popular posts from this blog

ရဟန်းခံ

ကုသိုလ် စိတ်ဖြစ်ရုံဖြင့် ကျေးဇူးများ